Myanmar Phone Numbers and Operators Checker

ဟိုတစ်လောက project အသေးလေးတစ်ခုလုပ်ဖြစ်လိုက်တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံ က ဖုန်းနံပါတ်တွေက operators တွေပေါ်မူတည်ပြီး သူတို့ သတ်မှတ်ထားတဲ့ အစ ဂဏာန်းတွေနဲ့ စတတ်ကြတယ်။

ဖုန်းနံပါတ်အစက ၅၀ တို့ ၅၁တို့ ဆိုရင် operator က MPT ဆိုတာ တန်းသိတတ်ကြတယ်။ အဲ့ဒီလိုပဲအခြား operator တွေဖြစ်တဲ့ Telenor, Ooredoo တို့မှာလည်း သူတို့ကို သက်ဆိုင်ရာ ဌာနက ချထားပေးတဲ့ အစ နံပါတ်တွေရှိကြတယ်။

ဒီ project မှာဆိုရင် user က ဖုန်းနံပါတ်နဲ့ ရှာလိုက်တာနဲ့ သူ့ရဲ့ operator နာမည် ကိုပြန်ပြပေးနိုင်အောင် ရေးကြည့်လိုက်တယ်။

အဲ့ဒီမှာအခက်အခဲလေးသွားတွေ့တယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက operators အတွက် ချပေးထားတဲ့ နံပါတ်တွေကိုရဖို့ပါ။

လိုက်ရှာကြည့်တော့ ဝန်ကြီးဌာန website မှာ ခွဲဝေသတ်မှတ်ပေးခဲ့သည့် Mobile Number များစာရင်းဆိုပြီး အောက်က link မှာ သွားတွေ့တယ်။ Information ကလည်း (၁-၁၂-၂၀၂၁) အထိဆိုတော့ update ဖြစ်ပါတယ်။ သူ့မှာ ဖုန်းနံပါတ် အစ ဂဏာန်းတွေနဲ့ စတင်ခွင့်ပြုတဲ့ရက်စွဲတွေပါ ပါပါတယ်။

Link : (၁-၁၂-၂၀၂၁) ရက်နေ့အထိ ခွဲဝေသတ်မှတ်ပေးခဲ့သည့် Mobile Number များစာရင်း

ရလာတဲ့ phone number data တွေကို regular expression format နဲ့ပြောင်းပြီး code ထဲမှာ key-value အတွဲလေးတွေနဲ့ သိမ်းထားလိုက်တယ်။ နောက်မှ user ရှာလိုက်တဲ့ phone number နဲ့ pattern match ဖြစ်မဖြစ်တိုက်စစ်လိုက်ပြီး match ဖြစ်တာနဲ့ သူရဲ့ operator name ကို return ပြန်ပေးလိုက်တယ်။

တကယ်လို့ ဖုန်းနံပါတ် အသစ်တွေ ထပ်ထွက်လာရင်လည်း သူနဲ့ သက်ဆိုင် တဲ့ key-value အတွဲက regular expression format မှာ သွားထည့်လိုက်ရင်ရပါပြီ။

#Myanmar #Java

0