top of page

သင်ဟာ Cowboy coder တစ်ယောက်လား?

  • Writer: Jonathan
    Jonathan
  • Jul 9, 2018
  • 1 min read

သင်ဟာ Cowboy coder တစ်ယောက်လား?

cowboy-coder

Cowboy coder ဆိုတာကတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပြီး coding မြန်မြန်ပြီးအောင် လုပ်တတ်တဲ့ သူတွေကို ခေါ်တာပါ။ ထူးခြားချက်ကတော့ သူတို့တွေဟာ development rules တွေ coding design တွေကို လုံးဝမစဉ်းစားဘဲ customer လိုချင်တဲ့ features တွေရဖို့ပဲ အဓိက လုပ်တတ်တဲ့သူတွေပဲဖြစ်ပါတယ်။ အခုအရမ်းတော်တဲ့ experienced programmers အများစုတောင် သူတို့ coding စရေးတဲ့အချိန်မှာ Cowboy တွေဖြစ်ခဲ့နိုင်ပါတယ်။


Okay အဲ့ဒါဆို Cowboy တစ်ယောက်မှာ ရှိတဲ့ အချက် တွေကိုကြည့်ရအောင်။

၁. Unreadable Code or Messy

black-background-code-hacking-javascript-multicolor-2543834-1358x826

ဒီအချက်ကိုတော့ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်မှာပါ။ရှုပ်ပွနေတဲ့ code တွေဆို ယောင်လို့တောင် မကြည့်ချင်ကြပါဘူး။

Cowboy တစ်ယောက်ဟာ အခုလိုမျိုး Unreadable code တွေ Messy code တွေကို အမြဲရေးတတ်ကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း development rules တွေ coding design တွေကို လုံးဝမစဉ်းစားတတ်ကြလို့ပါ။

ဒီလို code တွေကို Spaghetti Code လို့လဲခေါ်ပါသေးတယ်။ နာမည်ကလှသလောက် အရသာက သိပ်မရှိလို့ပါ။ (Spaghetti ကြိုက်တဲ့သူဆိုရင် တခြားနာမည်ပေးလောက်ပါတယ်)

i2142-spaghetti-a-la-sauce-tomate

Spaghetti Code တွေက နားလည်ဖို့ခက်သလို ပြန်ပြင်မယ်ဆိုလည်း အချိန်အများကြီးပေး ရတတ်ပါတယ်။ အကယ်၍ ကိုယ်သာ Cowboy တစ်ယောက်ရေးခဲ့တဲ့ Spaghetti Code တွေကိုပြင်ရမယ်ဆိုရင် အိပ်မက်ဆိုးမက်တာထက်တောင် ကြောက်ဖို့ကောင်းပါလိမ့်မယ်။

ကိုယ်နဲ့အတူတူလုပ်တဲ့ project ထဲမှာ Cowboy တွေတစ်ဝက်လောက်ပါနေမယ်ဆိုရင်တော့ ဆုသာတောင်းနေလိုက်ပါတော့။ Productivity တွေကျမှာ သေချာသလောက်ဖြစ်နေပါပြီ။

၂. Bugs

0_vsvLVt-w4WivlTOn

နောက်တစ်ခုကတော့ Bugs တွေပါ။


ကျွန်တော်တို့ coder တွေရဲ့အချစ်တော် Bugs တွေလည်း Spaghetti Code ရဲ့နေရာတိုင်းမှာရှိနေနိုင်ပါတယ်။ တစ်ကယ်လို့ သင်သာ Spaghetti Code တွေ Bugs တွေနဲ့ပြည့်နေတဲ့ project အကြီးကြီးတစ်ခုကို ပြင်တာပဲဖြစ်ဖြစ် features အသစ်တွေပဲ ထည့်တော့မယ်ဆိုရင် …..


မိုင်းကွင်းထဲလမ်းလျှောက်နေရသလိုပေါ့ ….


bugsfield

၃. Arrogance (စိတ်ကြီးဝင်ခြင်း)


နောက်တစ်ချက်ကတော့ စိတ်ကြီးဝင်တတ်ကြတာပဲ ဖြစ်ပါတယ်။ သူတို့ special ရေးထားတဲ့ code တွေသာအမှန်၊ တခြားသူကမှားနေတယ်ပြောရင်တောင် ငြင်းတတ်ကြပါတယ်။ သူတို့ code တွေကို တခြား developer တွေ၊ customer တွေနားမလည်ဘူးဆိုရင် အထင်လည်းသေးတတ်ကြပါတယ်။ တစ်ခါတစ်လေ ငတုံးတွေလို့တောင် ခေါ်တတ်ကြပါတယ်။ (ကိုယ်တွေ့)


0_yMZ27W0868MEcoGt

ဒါပေမဲ့ Cowboy coder တစ်ယောက်မှာ ကောင်းကွက်တွေလဲရှိပါသေးတယ်။

တကယ်လို့ Customer ကမဖြစ်နိုင်တဲ့ deadlines တွေတောင်းဆိုတဲ့အခါ ဒါမှမဟုတ် functions တွေမြန်မြန်အလုပ်လုပ်ရုံသာ လိုချင်တဲ့အခါတွေမှာ Cowboy coder ရဲ့အရေးပါမှုက အထောက်အကူဖြစ်မှာပါ။


အကျဉ်းချုပ်ရမယ်ဆိုရင် Cowboy coder ဆိုတာကတော့

  1. Coding အလွန်မြန်ဆန်သူ။

  2. ပေးထားတဲ့ project deadline အတွင်းပြီးနိုင်သူ။

  3. Development rule, design တွေကို လုံးဝမစဉ်းစားဘဲ ကိုယ့်ရဲ့ Tasks တွေအမြန်ဆုံးပြီးအောင် code တွေရေးတဲ့သူ။

  4. ကိုယ်ရေးထားတဲ့ code သာအကောင်းဆုံးလို့ ထင်နေသူ။

တွေပဲဖြစ်နေတတ်ကြပါတယ်။


Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
Single post: Blog_Single_Post_Widget
bottom of page